လိင်အင်္ဂါကြွက်နို့ဆိုတာ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီး Human
Papillomavirus ခေါ် HPV ပိုးကြောင့်ဖြစ်ပွါးရတဲ့ ရောဂါပဲဖြစ်ပါတယ်။
လိင်အင်္ဂါကြွက်နို့ရဲ့ လက္ခဏာတွေကတော့ သေးငယ်သော အသားရောင် သို့ မီးခိုးရောင်
ဖုလုံးများ လိင်အင်္ဂါတစ်ဝိုက်တွင် ပေါက်ခြင်း၊ ဆန်စေ့ပုံစံ၊ ကြက်မောက်ပုံစံ၊ ပန်းဂေါ်ဖီပုံစံ အဖုတွေပေါက်လာ ခြင်းတို့ပဲဖြစ်ပါတယ်။ လိင်အင်္ဂါကြွက်နို့တွေက အထူးသဖြင့် လိင်အင်္ဂါနားတဝိုက်တွေမှာပေါက်တတ်ပြီး မကုသဘဲထားမယ်ဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့
သေစေနိုင်တဲ့အထိပြင်းထန်တဲ့ကင်ဆာတွေဖြစ်တဲ့ လိင်တံကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ၊မိန်းမကိုယ်လမ်းကြောင်းကင်ဆာ၊မိန်းမကိုယ်နှုတ်ခမ်းသားကင်ဆာ၊စအိုကင်ဆာ၊လည်ချောင်းကင်ဆာ၊ လျှာကင်ဆာနှင့်အာသီးကင်ဆာတွေဖြစ်ပွါးနိုင်ပါတယ်။
ဒါပေမဲ့ သိသိချင်းအမြန်ဆုံးကုသမယ်ဆိုရင်တော့ အန္တရာယ်မရှိနိုင်ပါဘူး။



