ဂနိုရီးယား (ဆီးပူညောင်းကျရောဂါ) ဆိုတာက ဘာလဲ။

ဂနိုရီးယား (ဆီးပူညောင်းကျရောဂါ) ဟာ Nisseria gonorrhoeae/Gonnococous ဆိုတဲ့ ဘက်တီးရီးယားပိုးမွှားလေးကြောင့် ဖြစ်တဲ့ လိင်ဆက်ဆံခြင်းမှ တစ်ဆင့် ကူးစက်တတ်တဲ့ (STI)  ရောဂါတစ်မျိုးဖြစ်ပြီး ပူနွေးစိုစွတ်တဲ့  ပတ်ဝန်းကျင်မှာ ရှင်သန်နေထိုင်ပါတယ် ။

ဂနိုရီးယား (ဆီးပူညောင်းကျရောဂါ)ကို လိင်ဆက်ဆံမူမှတစ်ဆင့်ကူးစက်တယ်ဆိုပင်မဲ့လည်း 

တခြားသောနည်းလမ်းတွေမှတစ်ဆင့်လည်း  ကူးစက်နိုင်ပါသေးတယ် ခင်ဗျား။

ဂနိုရီးယား(ဆီးပူညောင်းကျရောဂါ)ဆိုတာက ဘယ်နေရာတွေမှာ အဖြစ်များလဲ။

ဂနိုရီးယား (ဆီးပူညောင်းကျရောဂါ) ဆိုတာက လိင်ဆက်ဆံမူမှတစ်ဆင့်  ကူးစက်နိုင်တဲ့ အပြင် 

ပါးစပ် ၊စအို ၊မိန်းမကိုယ် ၊အကာကွယ်မဲ့ လိင်ဆက်ဆံတာတွေ၊လက်နှင့် လိင်ဆက်ဆံတာတွေ ၊လိင်ဆက်ဆံဖော်များသူတွေ၊  ဆီးပူညောင်းကျရောဂါရှိသူရဲ့ 

အသုံးဆောင်ပစ္စည်းများကို ထိတွေ့မိရာကနေလည်း ကူးစက်နိုင်ပါသေးတယ်။

ဒီရောဂါဟာ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်ပွားနိုင်ပါတယ် ခင်ဗျား။

ဂနိုရီးယား(ဆီးပူညောင်းကျရောဂါ)ရဲ့   လက္ခဏာတွေက ဘာတွေလဲ။

ဂနိုရီးယားရောဂါဟာ အချို့သူတွေမှာ လက္ခဏာ မပြဘဲ ရှိနေနိုင်ပါတယ်။ရောဂါလက္ခဏာပြခဲ့ရင်တော့ အများအားဖြင့် ရောဂါပိုးကူးစက်ပြီး  ၂ ရက်ကနေ ၇ရက်အတွင်း  စတင်ပြတတ်ပါတယ်နော်။ 

အမျိုးသားများတွင် တွေ့ရတတ်သော လက္ခဏာများ –

1. ဆီးသွားလျှင် ပူစပ်ပူလောင် ခံစားရခြင်း၊ဆီးကျဥ်ခြင်း၊ဆီးသွားရာမှာ ဆီးကျန်ခြင်း၊

    လိင်တံမှ အဝါရောင်၊အဖြူရောင် သို့မဟုတ် အစိမ်းရောင် ပြည် သို့မဟုတ် အရည်များထွက်ခြင်း။

2. လိင်တံထိပ်ရောင်ရမ်းခြင်း ၊နာကျင်ခြင်း ၊ကပ္ပာယ်အိတ် တစ်ဝိုက် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း။(ရှားပါး)

3.ဆီးအိမ်နှင့် ဆီးလမ်းကြောင်းမှာ နာကျင်ကိုက်ခဲတာနဲ့ သွေးကျတာ၊လိင်တံမှ အနံ့ဆိုးတွေထွက်တာ 

   ဖြစ်တတ်ပါတယ်။

အမျိုးသားတွေမှာ  ဒီလက္ခဏာတွေပေါ်ပင်မဲ့ အမျိုးသမီးတွေမှာဆိုရင်တော့ သိသိသာသာလက္ခဏာတွေ မပေါ်ပဲ ဖြစ်တတ်တာမို့ အထူးသတိပြုသင့်ပါတယ် ဗျ။

အမျိုးသမီးများတွင် တွေ့ရတတ်သော လက္ခဏာများ-

1. မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော အဖြူရောင်၊အဝါရောင် ပြည် သို့မဟုတ် အရည်များဆင်းခြင်း။

2. ဆီးသွားလျှင် ပူလောင်ခြင်း၊ဆီးကျဥ်ခြင်း ၊ရာသီမမှန်ခြင်း  သို့မဟုတ် ရာသီသွေးဆင်းချိန် မဟုတ်ဘဲ

  သွေးဆင်းခြင်း။

3.‌ဗိုက်အောင့်ပိုင်း သို့မဟုတ် တင်ပါးဆုံနာကျင်ခြင်း စတဲ့ လက္ခဏာတွေရှိသော်လည်း

  အမျိုးသမီးတွေမှာ သိသိသာသာလက္ခဏာမပြတာမို့ မိမိရဲ့ ပါတနာမှာ ဂနိုရီးယား ရောဂါရှိနေပြီဆိုရင်       

  ဂနိုရီးယာရောဂါက   အမျိုးသားရောအမျိုးသမီးမှာပါ ဖြစ်တတ်တာမို့ 

  အမျိုးသားမှာ ရှိနေပြီဆိုရင် အမျိုးသမီးကိုပါ တစ်ခါတည်း   ကျန်းမာရေးစစ်ဆေးမူခံယူသင့်ပါတယ် နော်။

အမျိုးသားရော၊အမျိုးသမီးမှာပါ တွေ့ရနိုင်သော လက္ခဏာများ

1.  လိင်ဆက်ဆံရာမှာ ပါးစပ်ကို အသုံးပြုထားမယ်ဆိုရင်တော့ လည်ချောင်းနာခြင်း ၊    

     လည်ချောင်းယားယံခြင်း။(များသောအားဖြင့်တော့ လက္ခဏာ မပြတတ်)။

2. လိင်ဆက်ဆံရာမှာ စအိုကို အသုံးပြုထားမယ်ဆိုရင်တော့  စအိုနာကျင်ခြင်း၊စအိုယားယံခြင်း၊

    စအိုမှ သွေးဆင်းခြင်း၊ဝမ်းသွားရာတွင် နာကျင်ခြင်း။

ဂနိုရီးယားရောဂါဟာ ကိုယ်ဝန်ဆောင်သည်တွင် ကူးစက်ပါက မွေးကင်းစ ကလေးများတွင်ပါ ထပ်မံကူးစက်နိုင်ပါတယ်။ 

မွေးကင်းစကလေးများတွင် တွေ့ရနိုင်သော လက္ခဏာတွေကတော့ 

1.မျက်လုံးပိုးဝင်ခြင်း၊မျက်လုံးနာကျင်ခြင်း၊မျက်လုံးနီရဲကာ ပြည်ထွက်ခြင်း စတာတွေပါ ဖြစ်နိုင်တာမို့ အထူးဂရုစိုက်သင့်ပါတယ်နော်။

ဂနိုရီးယား (ဆီးပူညောင်းကျရောဂါ)ကို ကူးစက်မြန်တာမို့  စောစီးစွာ ကုသမူမခံယူပါက ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးပြဿနာတွေ ဖြစ်ပွားနိုင်ပါတယ်နော်။

အမျိုးသားများတွင်  ဆီးပြွန်ရောင်ရမ်းခြင်း၊ ကျဉ်းမြောင်းခြင်း၊ကပ္ပာယ်အိတ် ရောင်ရမ်းခြင်း၊ ပိုးဝင်ခြင်း၊

မျိုးပွားနိုင်စွမ်း ကျဆင်းခြင်း။

အမျိုးသမီးများတွင် တင်ပါးဆုံတွင်း ရောင်ရမ်းခြင်း (Pelvic Inflammatory Disease – PID) ဖြစ်ပွားနိုင်ပြီး မျိုးဥပြွန်များ၊ သားအိမ်နှင့် မျိုးဥအိမ်များကို ပျက်စီးစေနိုင်ခြင်း၊သားသမီးမရနိုင်ခြင်း၊

သားအိမ်ပြင်ပ သန္ဓေတည်ခြင်း (Ectopic pregnancy) ဖြစ်နိုင်ခြေများခြင်း။

အမျိုးသားရော အမျိုးသမီးများတွင် အဆစ်အမြစ် ရောင်ရမ်းခြင်း။

အရေပြားပြဿနာများ ဖြစ်ပွားခြင်း။သွေးထဲ ပိုးဝင်ရောက်ကာ ကိုယ်တွင်းအင်္ဂါများကို ထိခိုက်ပျက်စီးစေခြင်း (ရှားပါး)။

ကိုယ်ဝန်ဆောင်မိခင်မှ မွေးကင်းစကလေးဆီသို့ ရောဂါကူးစက်နိုင်ပြီး ကလေးမျက်လုံးပိုးဝင်ခြင်း သို့မဟုတ် မျက်စိကွယ်ခြင်းအထိ ဖြစ်စေနိုင်ခြင်း။

ဂနိုရီးယား (ဆီးပူညောင်းကျရောဂါ)ကို ဘယ်လိုကုသနိုင်လဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ဂနိုရီးယားရောဂါကို ပိုးသတ်ဆေးများ (Antibiotics) ဖြင့် ထိရောက်စွာ ကုသနိုင်ပါတယ်။ 

ပုံမှန်အားဖြင့် ဆေးထိုးဆေး သို့မဟုတ် သောက်ဆေး တစ်ကြိမ်တည်းဖြင့် ကုသနိုင်ပါတယ်။ ရောဂါပိုးသတ်ဆေး ယဉ်ပါးမှု မဖြစ်စေရန် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးကို အချိန်မှန်၊ အပြည့်အဝ သောက်သုံးရန် အရေးကြီးပါတယ်။ 

ရောဂါပျောက်ကင်းသည်အထိ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်သင့်ပြီး မိမိ၏ လိင်ဆက်ဆံဖော်များကိုလည်း ရောဂါစစ်ဆေး ကုသရန် လိုအပ်ပါတယ်။

ဂနိုရီးယားရောဂါက သက်သာပျောက်ကင်းပြီဆိုရင်တောင် ပြန်လည်အသစ်တဖန်ဖြစ်နိုင်တာမို့  အမျိုးသားဆိုင်ရာရောဂါတွေကို ကုသပေးသောဆေးခန်းများကို သေချာစွာစုံစမ်းပြီး  ကျွမ်းကျင်သော ဆရာဝန်များနဲ့ သေချာစွာ တိုင်ပင်ဆွေးနွေးပြီး  ဆရာဝန်များမှ ညွှန်ကြားသော ဆေးများသောက်ခြင်း ၊ပြင်းထန်သော အဆင့်သို့ ရောက်ရှိပါကလည်း ခွဲစိတ်ကုသမူခံယူမူတွေလုပ်ခြင်း စတာတွေ ပြုလုပ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ် ခင်ဗျား။