လိင်အင်္ဂါရေယုန် (Genital Warts)ဆိုတာက ဘာလဲ။
လိင်အင်္ဂါရေယုန်ဆိုတာ လိင်ကနေတစ်ဆင့် ကူးစက်တတ်တဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပြီး ၊ရေယုန်ဗိုင်းရပ်စ် (Herpes Simplex Virus -HSV)ကြောင့် ဖြစ်ရတာပါ ။
(HSV)ဗိုင်းရပ်စ်ပိုးမှာ အဓိကအားဖြင့် နှစ်မျိုးရှိပါတယ်။
HSV-1
ဒီပိုးမွှားလေးမှာဆိုရင် များသောအားဖြင့် ပါးစပ်တစ်ဝိုက်မှာ အဖုအပိမ့်တွေ၊အရည်ကြည်ဖုလေးတွေ (ရေယုန်)ထွက်စေတတ်ပင်မဲ့ ပါးစပ်နှင့် လိင်ဆက်ဆံခြင်း (Oral Sex) ပြုလုပ်ရာမှာဆိုရင်တော့ လိင်အင်္ဂါရေယုန်ကိုလည်း ဖြစ်စေနိုင်ပါသေးတယ် ။
HSV-2
ဒီပိုးမွှားကတော့ လိင်အင်္ဂါရေယုန်ဖြစ်စေတဲ့ အဓိက ပိုးမွှားဖြစ်ပြီး လိင်ဆက်ဆံမူကနေ ကူးစက်တဲ့ ရောဂါပိုးဖြစ်ပြီး အရည်ကြည်ဖုလေးတွေ ၊အနာတွေဖြစ်စေသလို အရည်တွေစိမ့်လာတာမျိုးလည်း ရှိပါတယ်။
လိင်အင်္ဂါရေယုန်က အမျိုးသား၊အမျိုးသမီးနှစ်ဦးစလုံး ကူးစက်နိုင်ပြီး တကယ်လို့သင့်မှာရှိနေပြီဆိုရင် ဒီရောဂါပိုးမွှားလေးက ရပ်တန့်သွားမှာမဟုတ်ဘဲ သင့်ရဲ့အိမ်ထောင်ဘက်၊သင့်ရဲ့ ဘဝလက်တွဲဖော်ကိုပါ ကူးစက်နိုင်တဲ့အပြင် ကူးစက်နိုင်နူန်းကလည်း မြင့်မားပါတယ်။
လိင်အင်္ဂါရေယုန်ရဲ့ လက္ခဏာတွေကတော့ များသောအားဖြင့် အတော်များများမှာ လက္ခဏာမပြတာ၊
ဒါမှမဟုတ်ရင် သတိမထားမိလောက်အောင် အလွန်ပေါ့ပါးတဲ့ လက္ခဏာတွေပဲ ပြတတ်ပါတယ်။

လိင်အင်္ဂါရေယုန်(Genital Herpes)ရဲ့ လက္ခဏာတွေကတော့ –
1.လိင်အင်္ဂါ၊စအို၊ပေါင်ခြံအတွင်းပိုင်း တစ်ဝိုက်မှာ နာကျင်တာ၊ယားယံတာ၊ထုံကျင်တာ၊ရဲနေတာ။
2.အနီရောင် အရည်ကြည်ဖုသေးသေးလေးတွေ ၊အဖြူရောင်အရည်ကြည်ဖုလေးတွေ
ထွက်လာနိုင်ပါတယ်။
3.ဒီအရည်ကြည်ဖုလေးတွေက ယားယံလို့ ကုတ်မိရာကနေ ပေါက်သွားပြီး အနာတွေဖြစ်လာကာ
အပေါ်ယံ အဖတ်လိုက် အမာရွတ်လို ဖြစ်သွားတတ်ပါတယ်။အခြားသောနေရာများသို့
ပေါက်မိရာကနေထွက်လာသော အရည်ကြည်များကြောင့် ရေယုန်က ပျံ့နှံ့သွားတတ်ပါတယ်။
4.လိင်အင်္ဂါတစ်ဝိုက်မှာ အဖြစ်များတာမို့ ဆီးသွားရာမှာ နာကျင်တာမျိုး ဖြစ်တတ်ပါတယ်။
5.ပထမဆုံးအကြီမ် ရေယုန်ပေါက်တဲ့အခါမှာ ဖျားနာတာ၊ ခေါင်းကိုက်တာ၊ကိုယ်လက်မအီမသာဖြစ်တာ
စတာအပြင် တုပ်ကွေးမိသလို လက္ခဏာတွေပါတွဲပြီး ခံစားရနိုင်ပါတယ်။
6. ဒါ့အပြင် အကျိတ်ဖုလေးတွေပါ ထွက်လာနိုင်ပါသေးတယ်။
လိင်အင်္ဂါရေယုန်ဖြစ်နေပြီဆိုရင် ဘယ်လိုကုသမူတွေ ခံယူသင့်လဲ။
လိင်အင်္ဂါရေယုန်ကိုသက်သာစေမဲ့ ဗိုင်းရပ်စ်နှိမ်နင်းဆေးတွေ (ဥပမာ – acyclovir, famciclovir, valacyclovir) ကတော့ အနာကျက်နှုန်းကို မြန်စေပြီး ရေယုန်ထွက်တာကို လျှော့ချပေးနိုင်ပါတယ်။
ဒီဆေးတွေက ဗိုင်းရပ်စ်ပိုးမွှားအား အခြားသူတွေကို ကူးစက်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ လိင်အင်္ဂါရေယုန်ရှိရင် ဆရာဝန်ကို အသိပေးဖို့ လိုအပ်ပါတယ်။ မီးဖွားနေချိန်မှာ ကလေးဆီကို ဗိုင်းရပ်စ်ပိုး ကူးစက်သွားရင် ကလေးအတွက် အန္တရာယ်ရှိနိုင်လို့ပါ။
သင့်မှာ လိင်အင်္ဂါရေယုန်လို့ သံသယရှိတာ ဒါမှမဟုတ် အထက်ပါလက္ခဏာတွေ ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးကုသမှု ခံယူဖို့ အရေးကြီးပါတယ်။
လိင်အင်္ဂါရေယုန်ကတစ်ခါဖြစ်ဖူးရုံနဲ့ နောက်တစ်ခါပြန်ဖြစ်နိုင်တာမို့ စိတ်ဖိစီးမူများတာ ၊ဖျားနာတာ၊
ဒါမှမဟုတ် ကိုယ်ခံအားနည်းနေတဲ့ အချိန်တွေမှာ လိင်အင်္ဂါရေယုန်က ပြန်ပြီးထွက်လာနိုင်တာမို့
သင့်မှာ လိင်အင်္ဂါရေယုန်လို့ သံသယရှိတာ ဒါမှမဟုတ် အထက်ပါလက္ခဏာတွေ ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးကုသမှု ခံယူဖို့ အရေးကြီးပါတယ်။



