ဂရင်ဂျီနာဆိုတာက ဘာလဲ။
ဂရင်ဂျီနာ ဆိုတဲ့နာမည်ဟာ လူအများစုအတွက် အစိမ်းသက်သက် ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။
ဂရင်ဂျီနာဆိုတာက နာတာရှည်ရောဂါတစ်ခုဖြစ်ပြီး စအိုတစ်ဝိုက်ရှိ အရေပြားနဲ့ စအိုလမ်းကြောင်းအဆုံးမှာ လမ်းကြောင်းတစ်ခုဖြစ်ပေါ်လာတာကို ပြောတာပါ ခင်ဗျား။
ဂရင်ဂျီနာရောဂါက အစာအိမ်ဟောင်းပိုင်းနှင့် လိပ်ခေါင်းရောဂါဝေဒနာရှင်များတွင်လည်း ဖြစ်ပေါ်ပြီး တခြားအူလမ်းကြောင်းနဲ့ စအိုလမ်းကြောင်းဆိုင်ရာရောဂါတွေလိုပဲ အသက်ရွယ်မရွေး၊အမျိုးသား၊အမျိုးသမီးမရွေး ဖြစ်နိုင်ပြီး အမျိုးသားများတွင် ပို၍ဖြစ်ပွားနိုင်ပါတယ်။
ဂရင်ဂျီနာနဲ့ လိပ်ခေါင်းက ဘာတွေကွာခြားသွားလဲ။
ဂရင်ဂျီနာက ဘယ်နှစ်မျိုးရှိတယ်လို့ သင်ထင်လဲ။
ဂရင်ဂျီနာက ပုံမှန်အားဖြင့်တော့ အမျိုးအစားခွဲထားတယ်ဆိုတာကို မသိကျပါဘူး။ဒါပင်မဲ့ လေ့လာတွေ့ရှိချက်တွေအရတော့ ဂရင်ဂျီနာကို အမျိုးအစား (၂)မျိုး ခွဲခြားနိုင်ပါတယ်။
1.ရိုးရိုးဂရင်ဂျီနာ (Simple Anal Fistula)
2.စအိုမှ အခြားကြွက်သားနှင့်ဆက်နေသောဂရင်ဂျီနာ (Complex Anal Fistula)စတာတွေဘဲ
ဖြစ်ပါတယ်။
1.ရိုးရိုးဂရင်ဂျီနာ(Simple Anal Fistula)
ရိုးရိုးဂရင်ဂျီနာမှာဆိုရင်တော့ အရမ်းအတွင်းဘက်မကျဘဲ စအိုဝကြွက်သားနေရာမှာလျှင်
ဖြစ်ပေါ်ပြီး အချိန်တိုတွင်း ကုသနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးလည်း
မရှိသလောက်နည်းပါတယ်။
2.စအိုမှ အခြားကြွက်သားနှင့်ဆက်နေသောဂရင်ဂျီနာ (Complex Anal Fistula)
ဒီအမျိုးအစား ဂရင်ဂျီနာကတော့ ပုံစံမျိုးစုံနဲ့ ဖြစ်ပွားတတ်ပါတယ်။
ဥပမာ-စအိုရဲ့ အတွင်းကျတဲ့နေရာမှာ ဖြစ်ပေါ်ခြင်း၊
အတွင်းဘက်အနာအပေါက်မှ အပြင်ဘက်အနာအပေါက်ထိ ကွေးနေတဲ့ လမ်းကြောင်း
ဖြစ်ပေါ်ခြင်း၊
အတွင်းဘက် အနာပေါက်ဖြစ်ပေါ်ပြီး အပြင်ဘက်မှာ လမ်းကြောင်းများစွာ ခွဲသွားခြင်း။
ခုလို ဂရင်ဂျီနာဟာအတွင်းနက်ပြီး လမ်းကြောင်းများစွာရှိနေပြီဆိုရင် အမြန်ဆုံးကုသလိုက်ပါနော်။
ဘာလို့လဲဆိုရင်တော့ ဂရင်ဂျီနာလမ်းကြောင်းတစ်ခုလုံးကို မဖယ်ရှားနိုင်ဘူးဆိုရင် စအိုဝကြွက်သားကွင်းလေး
ကို ဖြတ်ထုတ်ဖယ်ရှားဖို့ လိုအပ်ကောင်း လိုအပ်လာပါလိမ့်မယ်။ဒီလို ဖြတ်တောက်လိုက်မယ်ဆိုရင်တော့
နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ဝမ်းမထိန်နိုင်ခြင်းကို ဖြစ်စေပါတယ်။ဒါကြောင့် ဒီလိုအခြေ
အနေမျိုးမှာ တစ်ခြားခွဲစိတ်မူနည်းလမ်းရှိမယ်ဆိုရင် ရွေးချယ်သင့်ပါတယ်။
အတွင်းဘက်စအိုဝကြွက်သားကွင်းဂရင်ဂျီနာလမ်းကြောင်းကိုဖယ်ရှားခြင်း (LIFT) – ဒီနည်းလမ်းဟာ စအိုအတွင်းမှ ဘက်တီးရီးယားများ အခေါင်းပေါက် အတွင်းဝင်ရောက်ခြင်းမှ ကာကွယ်ဖို့အတွက်
အနာပြွန်ရဲ့ အတွင်းဘက်အပေါက်ကို ပိတ်ဆို့ လိုက်တာဖြစ်ပါတယ်။
ဒီနည်းလမ်းဟာ စအိုဝကြွက်သားကွင်း(Anal Sphincter) ကို မထိခိုက်စေသလို လူနာ အနေနဲ့လည်း ခွဲစိတ်ပြီးနောက် ဝမ်းမထိန်းနိုင်ခြင်းလိုမျိုး နောက်ဆက်တွဲ ပြဿနာများကို ကြုံရမှာမဟုတ်ပါဘူး။
Seton ထည့်ခြင်း – Seton လို့ခေါ်တဲ့ ချည်(သို့) ရာဘာကွင်း ကို အနာ အတွင်းသို့ ထည့်လိုက်ပြီး ရောဂါပိုးများထွက်သွားအောင် ပြုလုပ်တာ ဖြစ်ပါတယ်။
Seton ဟာ တစ်ဖြည်းဖြည်း တင်းကျပ်လာတာနဲ့အမျှ ဂရင်ဂျီ နာ အနာဟာလည်း သေးသထက် သေးသွားကာပြန်လည် ကောင်းမွန်လာ ပြီး သူ့အလိုအလျောက် ပြုပြင်ပြီးသားဖြစ်သွားပါတယ်။။
ဒီနည်းလမ်းအရ Seton ဟာ စအိုဝကြွက်သားကွင်းကို နှေးကွေးစွာ ဖြတ်တောက်သွား ပေ မယ့် ခန္ဓာကိုယ်အနေနဲ့ တစ်ရှူးများကို တဖြည်းဖြည်း ပြုပြင်နိုင်ဖို့အတွက် အချိန်တစ်ခုရှိပြီး
သူ့အစီအစဉ်အတိုင်း လုပ်ဆောင် သွားပါတယ်။ ဒီလိုနဲ့ ဝမ်းမထိန်းနိုင်ခြင်းကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။



