လိပ်ခေါင်းရောဂါ ဆိုတာကဘာလဲ။
လိပ်ခေါင်းဆိုတာက စအိုနဲ့ အူမကြီးအောက်ပိုင်းမှာရှိတဲ့ သွေးပြန်ကြောလေးတွေ ဖောင်းကားရောင်ရမ်းကာ အိကျပြီး အသားပိုအဖုလေးက စအိုအပြင်ကို ထွက်ကျလာတာ ဒါမှမဟုတ်ရင် စအိုရဲ့ အတွင်းဘက်မှာ ရှိနေတာကို ပြေတာပါ။ဒါဟာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပြီး အမျိုးသားရော၊အမျိုးသမီးမှာပါ ခံစာရနိုင်ပါတယ်။
လိပ်ခေါင်းကို ဘယ်လိုအမျိုးစားခွဲထားနိုင်လဲ။
အဓိကအားဖြင့်တော့ လိပ်ခေါင်းကို (၃)မျိုးခွဲထားနိုင်ပါတယ်။
1.အတွင်းလိပ်ခေါင်း (Internal Hemorrhoids)
2.အပြင်လိပ်ခေါင်း(External Hemorrhoids)
3.ရောစပ်လိပ်ခေါင်း(Mixed Hemorrhoids) တို့ပဲ ဖြစ်ပါတယ်။
1.အတွင်းလိပ်ခေါင်း (Internal Hemorrhoids)
စအိုရဲ့ အတွင်းဘက်မှာ အနာဖြစ်ပြီး သွေးကြောလေးတွေရောင်ရမ်းတာကြောင့် ဖြစ်ပေါ်လာကာ
အများအားဖြင့်တော့ ဝမ်းချုပ်ချိန်မှာ ဝမ်းတအားညှစ်လျှင် နာကျင်မူမရှိဘဲ ဝမ်းသွားရင် သွေးယိုစီးတတ်ပါတယ်။
စအိုရဲ့ အတွင်းဘက်မှာ ဖြစ်လို့ အဖုအလုံးကို မမြင်ရနိုင်ပင်မဲ့ အရွယ်အစားကြီးလာပြီး ပြင်းထန်လာပါက
အဲ့အဖုအလုံးလေးက အပြင်ဘက်ကို ထွက်လာနိုင်ပါတယ်။
2.အပြင်လိပ်ခေါင်း(External Hemorrhoids)
စအိုရဲ့ အပြင်ဘက်အရေပြား ဒါမှမဟုတ် စအိုတစ်ဝိုက်ရှိ သွေးကြောလေးတွေ ရောင်ရမ်းဖောင်းကြွမူကြောင့်
အဲ့အသားပိုအဖု၊အလုံးလေးက ဖြစ်ပေါ်ပြီး နာကျင်ခြင်း၊ယားယံခြင်း၊သွေးထွက်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။
စအိုရဲ့ အပြင်ဘက်မှာဖြစ်လို့ အလုံး၊အဖုအကြိတ်ကို မြင်ရပြီး အပြင်လိပ်ခေါင်းဖြစ်လို့ သွေးထွက်လာမယ်ဆိုရင်တော့ သွေးခဲသွားနိုင်တာမို့ ပို၍နာကျင်နိုင်ပါတယ်။
3.ရောစပ်လိပ်ခေါင်း(Mixed Hemorrhoids)
ရောစပ်လိပ်ခေါင်းဆိုတာက အတွင်းလိပ်ခေါင်း( )နှင့် အပြင်လိပ်ခေါင်း( ) နှစ်မျိုးစလုံးတွင် ခံစားခဲ့ရတာတွေကို ခံစားရနိုင်ပါတယ်။ရောစပ်လိပ်ခေါင်းဖြစ်နေပြီဆိုရင် နာကျင်ခြင်း၊ယားယံခြင်း၊သွေးယိုစီးဆင်းခြင်းတွေအပြင် စအိုမှအချိအကျွဲတွေပါထွက်လာပြီး အနံ့ဆိုးတွေပါ ထွက်လာနိုင်ပါတယ်။

လိပ်ခေါင်းရောဂါရဲ့ နောက်ဆက်တွဲလက္ခဏာတွေက ဘာတွေဖြစ်မလဲ။
လိပ်ခေါင်းရောဂါရဲ့နောက်ဆက်တွဲ လက္ခဏာတွေကတော့ –
1. သွေးအားနည်းခြင်း။ (စအိုမှ ဝမ်းသွားစဥ်မှာ သွေးခဏခဏကျတာကြောင့် သွေးအားနည်းပြီး
မူးမော်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်းတွေ ဖြစ်နိုင်ပါတယ်)။
2.အတွင်းလိပ်ခေါင်းမှာ သွေးထွက်သော်လည်း မနာကျင်ခြင်း၊အပြင်လိပ်ခေါင်းမှာတော့ အပြင်သို့ထွက်နေတဲ့
အသားပိုအဖုလုံးလေးကို ဖိမိထိုင်မိတာ၊ကျပ်တည်းတဲ့ အဝတ်အစားတွေကြောင့် ထိခိုက်မိတာ စတာတွေကြောင့်မို့ သွေးခဲပြီး ပို၍ နာကျင်နိုင်ပါတယ်။
3.ဝမ်းချုပ်တာ၊ဝမ်းလျောတာ၊ဝမ်းကျန်သလိုခံစားရတာတွေဖြစ်ပြီး စအိုဝတွင် နာကျင်ခြင်း၊ရောင်ရမ်းခြင်း၊သွေးထွက်ခြင်း၊အနံ့ဆိုးအရည်များထွက်ခြင်း၊စအိုမှ အချိအကျွဲအရည်များ ကျလာခြင်းတွေကတော့ လိပ်ခေါင်းရောဂါရဲ့ လက္ခဏာတွေဖြစ်ပါတယ်။
သင့်မှာ လိပ်ခေါင်းရောဂါလက္ခဏာတွေရှိနေပြီဆိုရင် အိမ်မှာဘဲဆေးမှီတိုနဲ့မကုသင့်ပါဘူးနော်။
ဘာလို့လဲဆိုရင်တော့ လိပ်ခေါင်းရောဂါကို အချိန်မီမကုသဘဲထားမယ်ဆိုရင် စအိုခေါင်းကင်ဆာ၊စအိုကွဲနာ၊ဂရင်ဂျီနာ(ဒီရောဂါလေးတွေပါ)
ဖြစ်ပွားနိုင်ပါတယ်။
လိပ်ခေါင်းရောဂါက ဘာကြောင့်ဖြစ်တယ်လို့ သင်ထင်လဲ။
လိပ်ခေါင်းရောဂါဖြစ်ရတဲ့ အကြောင်းရာများစွာထဲကမှ အဓိကလိပ်ခေါင်းဖြစ်ရတဲ့ အကြောင်းအရာတွေကို
အောက်ပါအချက်အလက်တွေမှာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
1.ဝမ်းချုပ်ခြင်း၊ဝမ်းသွားစဥ်မှာ တအားညှစ်ခြင်း။
2.အိမ်သာတတ်ရာမှာ အိမ်သာထဲတွင် ကြာကြာထိုင်ခြင်း။(ဖုန်းကြည့်ခြင်း၊သတင်းစာထိုင်ဖတ်ခြင်း)
3.ရက်ရှည် ဝမ်းချုပ်ခြင်း၊ဝမ်းလျောခြင်း။
4.အထိုင်များခြင်း(ရုံးဝန်ထမ်းများ)၊မတ်တပ်ရပ်များခြင်း။.
5.အဝလွန်ခြင်း။(အဆီအစားများခြင်း)
6.စအိုနှင့်လိင်ဆက်ဆံခြင်း။(Anal Sex)လုပ်ရာမှာ စအိုမှ ကြွက်သားများက ရော့ရဲလာပြီး
လိပ်ခေါင်းဖြစ်စေနိုင်။
7.ကိုယ်ဝန်ဆောင်သည်များ။(များသောအားဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားရဲ့ ဖိအားကြောင့်)
8.အမျှင်ဓာတ်(Fiber)နည်းတဲ့ အစားအစာတွေ စားသုံးတာနည်းတာ(သရက်သီး၊ပန်းသီး၊ငှက်ပျောသီး)။
9.အသားဓာတ်အစားများသောသူ၊အဆီအစားများသောသူတွေမှာ ဖြစ်နိုင်ပါတယ်ဗျ။
လိပ်ခေါင်းရောဂါဖြစ်နေပြီဆိုရင် ရှက်ကြောက်မနေဘဲ အလျင်မြန်ကုသသင့်ပါတယ်နော်။ယခုမှာဆိုရင်တော့
လိပ်ခေါင်းရောဂါအား အရှင်းကုသပေးနေတဲ့ ဆေးခန်းတွေ၊ကျွမ်းကျင်တဲ့ဆရာဝန်ကြီးတွေ ရှိနေပါပြီ။
ဒါဆိုရင် သင့်ရဲ့လိပ်ကလေးကို ကုသမယ်ဆိုရင်တော့ 100% စိတ်ချယုံကြည်ရတဲ့ ဆေးခန်းကို ရွေးချယ်သင့်ပါတယ် ခင်ဗျား။



