အမျိုးသားတို့ရဲ့ လိင်အင်္ဂါအရေပြားက လိင်တံထိပ်ပိုင်းကို ပုံမှန်ထက်ပိုပြီး ဖုံးအုပ်နေတာကို လိင်အရေပြားရှည်တယ်လို့ခေါ်ပါတယ်။
လိင်ထိပ်အရေပြားရှည်ခြင်းရဲ့လက္ခဏာတွေကတော့
- လိင်တံထိပ်အရေပြား နောက်သို့လှန်မရဘဲ
- ငုံခြင်း
- ပိုးဝင်ခြင်း
- ထိခိုက်မိခြင်းတို့ကြောင့် လိင်တံထိပ်အရေပြား မကြာခဏ ရောင်ရမ်းခြင်း
- မကြာခဏဆီးသွားခြင်း
- ဆီးကျန်ခြင်း
- လိင်တံမှအနံ့ဆိုးများထွက်ခြင်း
- လိင်မှုဘဝကိုထိခိုက်ခြင်း
- လိင်တံမှိုစွဲခြင်း
- အနီကွက်များထွက်ခြင်း
- လိင်ထိပ်အရေပြားရောင်ရမ်းခြင်းနဲ့ပိုးဝင်ခြင်း
- သုက်လွှတ်မြန်ခြင်း အစရှိတဲ့နောက်ဆက်တွဲဆိုးကျိုးတွေများစွာရှိနိုင်ပါတယ်။
လိင်အရေပြားဖြတ်မယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ?
လိင်တံဖွံဖြိုးမှုကိုအထောက်ကူပြုပြီးသင့်ရဲ့လိင်မှုဘဝကိုပျော်ရွှင်စေခြင်း၊ ဖုံးအုပ်ထားတဲ့လိင်အရေပြားမရှိတော့တာကြောင့်အညစ်ကြေးများ၊အနံ့ဆိုးများမရှိတော့ဘဲသင့်ရဲ့နေ့စဉ်လူနေမှုဘဝကိုသက်သောင့်သက်သာနဲ့ဖြတ်သန်းနိုင်တဲ့အပြင်ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ရောင်ရမ်းခြင်းတွေကိုလျော့ကျစေပါတယ်။



