ဂနိုရောဂါဆိုတာရောဂါပိုးရှိသူနဲ့လိင်ဆက်ဆံရာမှတဆင့် ကူးတတ်သောရောဂါမျိုးပြီးအမျိုးသားရောအမျိုးသမီးမှာပါဖြစ်ပွားလေ့ရှိပါတယ်။

ဂနိုရောဂါကူးစက်ခံရပြီဆိုဘယ်လိုလက္ခဏာ‌တွေဖြစ်လေ့ရှိလဲ

အမျိုးသားတွေရဲ့ လိင်တံကနေ ဆီးနဲ့ သုက်ရည်ထွက်တာ ပုံမှန်ဖြစ်စဉ်ဆိုပေမယ့် တခြားသော အရည်တွေ ထွက်လာတာ၊ အရည်တွေရဲ့ အရောင်က ပုံမှန်မဟုတ်ဘူးဆိုရင်တော့ဒါကစိုးရိမ်စရာကိစ္စပါ။

ဥပမာ-အမျိုးသားတွေရဲ့လိင်တံကနေအဝါရောင် သို့မဟုတ် စိမ်းဖန့်ဖန့်အရောင် ပြည်အရည်တွေ ထွက်လာတာ

ဆီးသွားနေစဉ်မှာ ပူလောင်နေတဲ့ ခံစားချက်ကြီးဖြစ်နေတာ၊ ရုတ်တရက်ကြီး ဆီးသွားချင်စိတ် အလွန်အကျွံဖြစ်လာတာ၊

ဆီးမအောင့်နိုင်တော့တာအပြင် ဘယ်လိုလက္ခဏာမျိုးမှ မပြတာမျိုးလည်း ရှိနိုင်ပါတယ်။

ဂနိုးရီးယားရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

ရောဂါကို မကုသဘဲ ထားတဲ့အခါ ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရမှာ လုံးဝကို သေချာပါတယ်အမျိုးသားတွေမှာဆို နောက်ဆက်တွဲအနေနဲ့ လိင်အင်္ဂါတွေ ရောင်ရမ်းပြီး လိင်ဆက်ဆံတဲ့အခါမှာ အခက်အခဲဖြစ်စေပါတယ်။ အဆစ်အမြစ်ရောင်ရမ်းတာ၊ သုက်ပို့ပြွန်ဆီ ရောဂါပိုးပျံ့နှံ့သွားတတ်ပြီး ဝှေးစေ့တဝိုက်မှာ နာကျင်ရောင်ရမ်းမှုဝေဒနာ ခံစားရတတ်ပြီးအမျိုးသားမျိုးပွားစနစ်ကိုထိခိုက်စေပါတယ်။

ဒီရောဂါဟာ အရိုးအဆစ်တွေနဲ့ သွေးထဲအထိပါ ပျံ့နှံ့နိုင်ပြီး ရောဂါရှိသူတွေဟာ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။

ဒါဆိုရောဂါကိုဘယ်လိုကုသမှုယူသင့်လဲ

ဆီးပူညောင်းကျရောဂါကို ပိုးသတ်ဆေး သောက်ဆေး သို့မဟုတ် ထိုးဆေး အသုံးပြုပြီး ကုသရမှာ ဖြစ်ပါတယ်။ ရောဂါပိုးရှိသူကိုသာမက ၎င်းရဲ့အဖော်ဖြစ်သူ (လိင်ကိစ္စရင်းနှီးမှုရှိသူ) ကိုပါ တပြိုင်တည်းကုသဖို့ လိုအပ်ပါတယ်။

ဆေးကုသမှု မပြီးဆုံးခင် လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ပါ။လိင်ဆက်ဆံချိန်တိုင်း ကွန်ဒုံးအသုံးပြုပါ။

ဆီးပူညောင်းကျရောဂါဟာ ရောဂါလက္ခဏာမပြဘဲ ရှိနေနိုင်တဲ့အတွက် မိမိမှာ ရောဂါပိုးကူးစက်ခံထားရကြောင်း မိမိအဖော်ကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။