နိုရောဂါဆိုသည်မှာ ဂနိုရောဂါ ဘက်တီးရီးယားပိုး (Neisseria gonorrhoeae)ကြောင့် ဖြစ်သည်။
ဂနိုဘက်တီးရီးယားရောဂါပိုးသည် ပါးစပ်မှဖြစ်စေ၊ စအိုမှဖြစ်စေ၊ လိင်အင်္ဂါမှဖြစ်စေ လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်ပြီး ပထမဦးစွာ ရောဂါပိုးထိတွေ့ခံရသောအင်္ဂါများရှိ အပေါ်ယံအရေပြားလွှာ (columnar epithelium)ကို တိုက်ခိုက်သည်။ ထိုမှတစ်ဆင့် ရောဂါပိုးသည် အခြားသောခန္ဓာကိုယ် အစိတ်အပိုင်းများသို့ ထပ်မံပျံ့နှံ့သွားနိုင်သည်။
လူခန္ဓာကိုယ်ထဲ ရောဂါပိုးကူးစက်ပြီး2-7ရက်အကြာ ရောဂါလက္ခဏာစပြပါတယ်။
ရောဂါလက္ခဏာ
အမျိုးသားများတွင်-
ဆီးသွားသည့်အခါ နာကျင်ခြင်း၊
လိင်အင်္ဂါမှ ပြည်များထွက်ခြင်း၊
ဝှေးစေ့ နာကျင်ခြင်း၊
စအိုမှ အရည်ထွက်ခြင်း၊ နာကျင်ခြင်းတို့ ခံစားရလေ့ရှိသည်။
အမျိုးသမီးများတွင်-
ဆီးသွားသည့် အခါ နာကျင်ခြင်း၊
မိန်းမကိုယ်မှအရည်များဆင်းခြင်း၊
ဓမ္မတာချိန်မဟုတ်ဘဲ သွေးဆင်းခြင်း၊
လိင်ဆက်ဆံသည့်အခါ နာကျင်ခြင်း၊တို့ ခံစားရလေ့ရှိသည်။
လက္ခဏာတွေခံစားနေရပြီဆိုရင်တော့ဆေးခန်းကိုအမြန်ဆုံးသွားရောက်စစ်ဆေးကုသဖို့အတွက်အကြံပြုပါ
တယ်။
ဂနိုရောဂါဟာနောက်ဆက်တွဲဆိုးကျိုးတွေများစွာရှိတဲ့အတွက်ပေါ့ဆဖို့မသင့်ပါဘူး။
လိင်ဆက်ဆံဖော်ကို လည်း တစ်ခါထဲရောဂါရှိမရှိစစ်ဆေးပေးရမှာဖြစ်ပါတယ်။



