ပန်းသေပန်းညိုး (Phyllanthus amarus) ဆိုတာက ဘာလဲ?
ပန်းသေပန်းညိုးရောဂါ ဆိုတာကတော့ အမျိုးသားများ လိင်ဆက်ဆံရာတွင် လိင်တံထောင်မတ်ခြင်း မရှိတာ ၊ ဒါမှမဟုတ်ရင် ထောင်မတ်ဖို့ ခက်ခဲခြင်းကို ဆိုလိုနိုင်ပါတယ်။
ပန်းသေပန်းညိုးခြင်းက အမျိုသားတိုင်း အသက်အရွယ် ဘယ်အချိန်မဆိုဖြစ်နိုင်ပြီး
ဘဝရဲ့ အရေးပါသောအချိန်တွေမှာ လိင်တံမထောင်မတ်နိုင်ခြင်း မရှိတာက အမျိုးသားတစ်ယောက်အတွက်တော့ စိတ်ဓာတ်အကျရဆုံး ကိစ္စရပ် တစ်ခုဖြစ်ပါတယ် ဗျ။ဒါကြောင့်မို့ လိင်တံထောင်မတ်နိုင်ခြင်းရှိဖို့ အတွက်ဆိုရင် ဘယ်လိုဖြေခြင်းကြမလဲ။
ယခုဖော်ပြမဲ့ ဒီဆောင်းပါးမှာ ပန်းသေပန်းညိုးခြင်းနဲ့ ပတ်သတ်ပြီး သိသင့်သိထိုက်တာတွေကို ပြောပြပေးသွားပြီး ဘယ်လိုကုသနိုင်လဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်ဗျ။
ပန်းသေပန်းညိုးခြင်းက ဘယ်အချိန်တွေဖြစ်တတ်တာလဲ?။
အမျိုသားရဲ့ လိင်အင်္ဂါကို စီးဆင်းတဲ့ သွေးစီးဆင်းမူလေးက ထိခိုက်သွားတဲ့ အခါ ၊
အာရုံကြောထိခိုက်ထားသူ (လေဖြတ်ထားသူ ) ၊ဆေးလိပ် ၊အရက် (ဘီယာ) ၊အခြားမူးယစ်စေသော ဆေးဝါးများ သုံးစွဲသူ ၊Pod သောက်သောသူ၊ မိသားစု၊အလုပ်၊အကိုင်အခြားသော လူမူရေးအကြောင်းအရာများကြောင့် စိတ်ဖိအားတွေ ရှိနေတဲ့ အခါ (Stress or Emotional Reasons) ၊သွေးတိုး ၊ဆီးချို ၊
နုလုံးသွေးကြောကျဥ်း စတဲ့ ရောဂါအခံတွေ ရှိနေသူ နှင့် တစ်ကိုယ်ရည်အာသာဖြေခြင်းအား အလွန်ကျွံ့ပြုလုပ်သောသူ ၊အပြာကားများ အကြည့်များသူ ၊ အတူတူနေချိန်တွင်
3မိနစ်နဲ့ သုတ်လွှတ်မြန်နေခြင်းကလည်း ပန်းသေပန်းညိုး ကိုဖြစ်စေနိုင်ပါတယ် ဗျ။
ပန်းသေပန်းညိုးခြင်းရဲ့ လက္ခဏာတွေရယ်လို့ တိတိကျကျမရှိပါဘူး။ ဒါပင်မဲ့ မိမိရဲ့ ပါတနာနှင့် အတူတူနေချိန်မတိုင်မီ (သို့မဟုတ်) အတူတူနေချိန်တွင် 1မိနစ်မှ 3မိနစ်အတွင်း မိမိရဲ့ပါတနာကို ကျေနပ်မူမရှိစေတာ ၊မိမိရဲ့ သုတ်ရည်ကို မထိန်းချုပ်နိုင်ပဲ ပြီးမြောက်သွားခြင်း စတာတွေ ဖြစ်နိုင်ပါတယ် ဗျ။
ဒါဆိုရင် ပန်းသေပန်းညိုးရောဂါကို ဘယ်လိုကုသမှု ခံယူသင့်လဲ?။
မိမိရဲ့တစ်နေ့တာ အစားသောက်စားရာမှာ ဗီတာမင် B ၊ဗီတာမင် C၊ အမျှင်ဓာတ်များသော သရက်သီး ၊နာနတ်သီး၊ ဟင်းနှနွယ်ရွက် စတာများကို စားသုံးပေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ ပြုလုပ်ပေးတာ စတာတွေကို နေ့စဥ် ပြုလုပ်ပေးသင့်ပါတယ်ဗျ။
မိမိရဲ့ပါတနာနဲ့ အတူတူနေချိန်မှာ ပန်းညိုးနေပြီလို့ ခံစားရတာ သို့မဟုတ် လိင်တံက ထောင်မတ်ခြင်းမရှိတော့ဘူးဆိုရင်တော့ အမျိုးသားဆိုင်ရာရောဂါတွေကို ကုသပေးနေတဲ့ ဆရာဝန်များနဲ့
မြန်မြန်ဆွေးနွေးလိုက်ပါဗျ ။ဘာလို့ဆိုရင်တော့ မျိုးမပွားနိုင်တဲ့ထိပါ ဖြစ်လာနိုင်တာမို့ပါ ။



