လိင်အင်္ဂါကြွက်နို့ဆိုတာက ဘာလဲ?။

လိင်အင်္ဂါကြွက်နို့ဆိုတာက များသောအားဖြင့်တော့    လိင်ဆက်ဆံမှူမှ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်ခုဖြစ်ပြီး   Human Papilomavirus ခေါ်  HPV ပိုးကြောင့် ဖြစ်ပွားရတဲ့ အရေပြားရောဂါတစ်ခု  ဖြစ်ပါတယ်ဗျ ။ ကြွက်နို့ဖြစ်စေတဲ့ HPV  ဗိုင်းရပ်စ်ဟာ မျိုးကွဲများစွာလည်း ရှိပါသေးတယ်။ 

HPV ဗိုင်းရပ်စ်က အရေပြားရဲ့ အ‌ပေါ်ဆုံးလွှာက ဆဲလ်လေးတွေကို မြန်မြန်ဆန်ဆန် ပွားများစေပြီး 

ကြမ်းတမ်းပြီးမာကျောသော အဖုလေးတွေ ဖြစ်လာစေပါတယ် ဗျ။

ကြွက်နို့ကို ခန္ဓာကိုယ်ရဲ့  ကြွက်နို့ပေါက်တဲ့နေရာပေါ်မူတည်ပြီး  ပုံစံအမျိုးမျိုးကွဲနိုင်ပါတယ် ။ အဖြစ်များတဲ့ ကြွက်နို့အမျိုးအစားတွေကတော့  

1.သာမန်ကြွက်နို့     (Common Warts)

2.ခြေဖဝါးကြွက်နို့   (PLantar Warts)

3.မျက်နှာပြင်ပြားသော ကြွက်နို့  (Flat Warts / Verruca Plana)

4.အမျှင် (ချည်မျှင်)ပုံစံ ကြွက်နို့  ( Filiform Warts)

5.လက်သည်းခြေသည်းပတ်လည်ကြွက်နို့  (Periungual Warts)

6. လိင်အင်္ဂါကြွက်နို့  (Genital Warts) စတာတွေပဲ ဖြစ်ပါတယ်နော်။

1.သာမန်ကြွက်နို့ ( Common Warts)

လက်ချောင်းတွေ၊ လက်ဆစ်တွေ၊တံတောင်ဆစ်နဲ့  ခြေချောင်းတွေမှာ အဖြစ်များပြီး များသောအားဖြင့် ကြမ်းတမ်းတဲ့ အဖုပုံစံမျိုး‌တွေ့ရလေ့ရှိပါတယ်။

2..ခြေဖဝါးကြွက်နို့   (PLantar Warts)

ခြေဖဝါးမှာ ပေါက်တဲ့ကြွက်နို့ဖြစ်ပြီး ဖိအားကြောင့် အပြင်ကို မထွက်ဘဲ အတွင်းဘက်မှာဘဲ  ကြီးလာတတ်ပါတယ်။ မာကျောတဲ့ အရေပြားအဖုအပိမ့်ပုံစံမျိုး ဖြစ်ပြီး အလယ်မှာ အမဲစက်လေးတွေ ရှိနိုင်ပါတယ်။ လမ်းလျှောက်တဲ့အခါ နာကျင်စေနိုင်ပြီး  ခြေဖဝါးအောက်ခြေ၊ ခြေဖနောင့်တို့မှာ အများဆုံးပေါက်တတ်ပါတယ် ဗျ။

3.မျက်နှာပြင်ပြားသော ကြွက်နို့  (Flat Warts / Verruca Plana)

ပြားသော ကြွက်နို့က တခြားကြွက်နို့တွေထက် ပိုသေးငယ်ပြီး ချောမွေ့ကာ ပြားပါတယ်။ 

အသားရောင်၊ ပန်းရောင်၊ အညိုဖျော့ဖျော့ သို့မဟုတ် အဝါရောင် ရှိနိုင်ပြီးတစ်ခါတစ်ရံ အလုံး ၂၀ ကနေ ရာနဲ့ချီပြီး အုပ်စုလိုက် ပေါက်တတ်ပါတယ်။

မျက်နှာ၊ လည်ပင်း၊ လက်ဖမိုး၊ လက်ကောက်ဝတ်နဲ့ ခြေထောက်တို့မှာ အများဆုံး တွေ့ရနိုင်ပြီး  ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ အဖြစ်များပါတယ်။

4.အမျှင် (ချည်မျှင်)ပုံစံ ကြွက်နို့  ( Filiform Warts)

အမျှင်လို ကြွက်နို့က  ရှည်လျားပြီး ပါးလွှာတဲ့ အမျှင်လိုမျိုး အသားပိုလေးတွေ ဖြစ်ပါတယ်။တစ်နည်းအားဖြင့်တော့ အရေပြားမျက်နှာပြင်ကနေ အပြင်ကို ထိုးထွက်နေတဲ့ ပုံစံမျိုးပါ။

 မျက်လုံးပတ်လည်၊ နှာခေါင်း၊ ပါးစပ်၊ လည်ပင်းနဲ့ မေးစေ့တစ်ဝိုက်မှာ အများဆုံးပေါက်တတ်ပြီး လျင်မြန်စွာ ကြီးထွားနိုင်ပါတယ်။

5.လက်သည်းခြေသည်းပတ်လည် ကြွက်နို့  (Periungual Warts)

လက်သည်း၊ ခြေသည်းပတ်လည်ကြွက်နို့က  လက်သည်း၊ ခြေသည်းပတ်လည်နဲ့ လက်သည်းအောက်မှာ ပေါက်တတ်ပါတယ်။ ကြမ်းတမ်းပြီး ပုံမမှန်တဲ့ ပုံစံရှိပါတယ်။ သည်းခြေသည်း ပုံသဏ္ဌာန်ကို ပြောင်းလဲစေနိုင်ပြီး နာကျင်မှုလည်း ဖြစ်စေနိုင်ပါတယ်ဗျ ။လက်သည်းနဲ့ ခြေသည်းပတ်လည်မှာ ပေါက်ပါတယ်။

လိင်အင်္ဂါကြွက်နို့ရဲ့  လက္ခဏာတွေက ဘာတွေဖြစ်မလဲ ။

လိင်အင်္ဂါကြွက်နို့ရဲ့ လက္ခဏာတွေကတော့ –

1.   အသားရောင် သို့မဟုတ် မီးခို‌ရောင်အဖုတွေပြောင်းလာမယ် ၊ဆန်စေ့ပုံစံ၊ကြက်မောက်သီး၊ပန်းကော်ဖီလို အဖုအထစ်တွေ  ဖြစ်လာပြီး အနည်းငယ် ယားယံမယ်။တချို့ကြွက်နို့တွေက အထဲမှာ သွေးခဲပြီး သေးငယ်တဲ့ အမဲစက်လေးတွေ (seed-like dots) တွေ့ရတတ်ပါတယ်။ ပုံမှန်အားဖြင့် မနာကျင်ပါဘူး။

2. လိင်အင်္ဂါကြွက်နို့ရောဂါရှိသူ၏  မျက်နှာသုတ်ပုဝါ၊ ခြေအိတ် ၊ အသုံးအဆောင်ပစ္စည်း များကို မျှဝေသုံးစွဲခြင်းခြင်းကနေလည်း  တစ်ဆင့်ကူ’စက်နိုင်ပါတယ် ။

3.မိမိခန္ဓာကိုယ်ရဲ့ တစ်နေရာမှာ  ကြွက်နို့ပေါက်နေပြီဆိုရင် ကြွက်နို့ပေါက်နေတဲ့နေရာကို ကုတ်ခြစ်မိတာကနေမှ 

HPV ‌ဗိုင်းရပ်စ်ပိုးမွှားလေးက  အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုပါ ကူးစက်နိုင်ပါတယ်။

လိင်အင်္ဂါကြွက်နို့က လိင်အင်္ဂါတစ်ဝိုက်မှာ အဖြစ်များတာမို့   မကုသပဲထားမယ်ဆိုရင်  

နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့   အသက်အန္တရာယ်ပါစိုးရိမ်ရတဲ့အထိ ပြင်းထန်တဲ့  ကင်ဆာတွေဖြစ်တဲ့ 

လိင်တံကင်ဆာ ၊သားအိမ်ခေါင်းကင်ဆာ ၊စအိုကင်ဆာ ၊လည်ချောင်းကင်ဆာ၊ လျှာကင်ဆာ၊အာသီးကင်ဆာ၊

နူတ်ခမ်းသားကင်ဆာ ၊မိန်းမကိုယ် နူတ်ခမ်းသားကင်ဆာ နှင့် အခြားကင်ဆာတွေလည်း ဖြစ်ပွားနိုင်ပါသေးတယ် ။

ဒါ့အပြင် အခြားသော ကျန်းမာရေးတွေကိုပါ ထိခိုက်နိုင်ပြီး  ခန္ဓာကိုယ်ကပါ ခုခံအားကျဆင်းပြီး  မျိုးမပွားနိုင်တော့ထိကိုပါဖြစ်စေတာမို့ အိမ်ထောင်ရေးသုခကိုပါ ထိခိုက်ဆုံးရှုံးနိုင်ပါတယ် ဗျ။

Genital Warts (လိင်အင်္ဂါကြွက်နို့ ) ကို ဘယ်လိုကုသနိုင်သလဲဆိုတာကို ပြောပြပေးသွားပါမယ်။

လိင်အင်္ဂါကြွက်နို့ဖြစ်နေပြီဆိုရင် အမျိုးသားဆိုင်ရာရောဂါတွေကို ကုသပေးသောဆေးခန်းများကို သေချာစွာစုံစမ်းပြီး  ကျွမ်းကျင်သော ဆရာဝန်များနဲ့ သေချာစွာ တိုင်ပင်ဆွေးနွေးပြီး  ဆရာဝန်များမှ ညွှန်ကြားသော ဆေးများသောက်ခြင်း ၊ပြင်းထန်သော အဆင့်သို့ ရောက်ရှိပါကလည်း ခွဲစိတ်ကုသမူခ့ဘူခြင်းတွေလုပ်ခြင်း စတာတွေ ပြုလုပ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ် ဗျ။